တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိယာမသ်နေ့နှင့် ဒွန်ယာလောကကုန်ဆုံးချိန် နီးကပ်လာသည့် လက္ခဏာများအနက်တစ်ခုမှာ- လူတို့သည် ၎င်းတို့၏ ဗလီများကို အလှဆင်ခြင်း (သို့မဟုတ်) အလ္လာဟ်အရှင်မြတ်ကိုသာ သတိရတသ ရန်အတွက် တည်ဆောက်ထားသော ဗလီများအတွင်း လောကီကိစ္စရပ်များဖြင့် အချင်းချင်းဝင့်ကြွားဂုဏ်ယူကြမည်ဟု မိန့်ကြားတော်မူခဲ့သည်။