တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဗလီဝတ်ကျောင်းတော်တွင် ဆွလာသ်ဆောက်တည်ခြင်း၏မွန်မြတ်မှုကို ရှင်းပြတော်မူခဲ့သည်။ မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်မှအပ ကမ္ဘာ့မြေပထဝီ၌ရှိရှိသမျှဗလီများတွင် ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် အကျိုးကုသိုလ်ပို၍ရရှိမည်ဖြစ်သည်။ မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်၌ ဆွလာသ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်ဆောက်တည်ခြင်းထက် ပို၍မွန်မြတ်သည်။