တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ရွတ်ဆိုရမည့် ဒုအာကို လမ်းညွှန်ပေးတော်မူခဲ့သည်။ ၎င်းဒုအာမှာ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) ဟူ၍ဖြစ်သည်။ ဤဒုအာသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ရရှိမည့် အကြောင်းခံများကို မိမိအားချီးမြှင့်ရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။ အကယ်၍ ဗလီဝတ်ကျောင်းတော်မှ ထွက်ရန်ရည်ရွယ်သောအခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ)ကို ဆိုရမည်။ ဤဒုအာသည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ဟလာလ်ရိုဇီကို ဆတက်ထမ်းပိုးချီးမြှင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။