တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ် ဝတ်ပြုသူများအား ဆွဖ်အတန်းများညီညာစွာ စီတန်းကြရန်နှင့် တချို့က အရှေ့သို့ ထွက်နေခြင်း၊ တချို့က အနောက်သို့ ရောက်နေခြင်းမဖြစ်စေရန် အမိန့်ပေးတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဆွဖ်အတန်းများ ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်ပြီး ဆွဖ်အတန်းများ ကောက်နေခြင်းသည် ဆွလာသ်၌ ချို့ယွင်းချက်နှင့် မပြည့်စုံမှုပင်ဖြစ်သည်။