ဝါဗိစွဟ် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးကို စွတ်ဖ်အတန်းအနောက်တွင် တစ်ဦးတည်း ဆွလာသ်ဝတ်ပြုနေသည်ကို တွေ့မြင်ခဲ့ရာ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ حسن - رواه أبو داود والترمذي وابن ماجه وأحمد
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတစ်ဦးကို စွတ်ဖ်အတန်း၏ အနောက်တွင် တစ်ဦးတည်း ဝတ်ပြုနေသည်ကို တွေ့မြင်ရသောအခါ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဆွလာသ်သည် ထိုသို့သောအခြေအနေတွင် မှန်ကန်မှုမရှိပေ။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုရန်အတွက် စောစောသွားရန်၊ ရှေ့ဆုံးတန်းတွင် ရပ်ရန် နှင့် စွတ်ဖ်အတန်း၏ အနောက်တွင် တစ်ဦးတည်း ဝတ်ပြုခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ ၎င်း၏ဆွလာသ်သည် ပျက်ပြယ်သွားခြင်း မရှိစေရန်အတွက်ဖြစ်သည်။
  • အိဗ်နေဟဂျရ်က မိန့်ဆိုသည်မှာ- မည်သူမဆို စွတ်ဖ်အတန်း၏ အနောက်တွင် တစ်ဦးတည်း ဆွလာသ် စတင်ဝတ်ပြုခဲ့၏။ ထို့နောက် ရုကူအ်ဦးညွတ်ခြင်းမှ ပြန်မထမီအရင် စွတ်ဖ်အတန်းထဲသို့ ဝင်ရောက်ခဲ့လျှင် ထိုသူအတွက် ဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် မလိုအပ်ပေ။ ထိုအတိုင်းပင် အဗူဗကရဟ် (ရဿွိယလ္လာဟုအန်ဟုသ) ၏ ဟဒီးစ်တော်တွင် ဖော်ပြထားသည်။ သို့မဟုတ်ပါက၊ ဝါးဗိဆွဟ် (ရဿွိယလ္လာဟုအန်ဟု) ၏ ဟဒီးစ်တော်၏ ယေဘုယျ အဓိပ္ပာယ်အရ ပြန်လည်ဝတ်ပြုရန် အရေးကြီးသည်။
explain-icon

ထပ်၍