တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိဦးခေါင်းကို ပြန်ကြွလိုက်သူအား အလ္လာဟ်အရှင်မြတ်က သူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ဟူသည့် ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုအား ရှင်းပြတော်မူခဲ့သည်။