တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမျိုးသမီးသာဝကများအနက်မှတစ်ဦးက ရာသီသွေးဆင်းပြီးနောက် ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အကြောင်းကို တမန်တော်မြတ်အား မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအမျိုးသမီးအား ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အခြေအနေမဖြစ်ပေါ်မီက သူမထံ၌ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်းအတာနှင့်အညီ ဆွလာသ်ဝတ်ပြုခြင်းမှ ရပ်တန့်ထားရန်၊ ယခင်က ပုံမှန် ဓမ္မတာသွေးပေါ်သည့်ကာလ ပြီးဆုံးသွားသည့်အခါ ရေချိုးရန်နှင့် ဆွလာသ်ဝတ်ပြုရန် ညွှန်ကြားခဲ့သည်။ သို့သော် ထိုအမျိုးသမီးသည် ဆွလာသ်တိုင်းအတွက် နဖ်လ် (တာဝန်အရမဟုတ်ဘဲ) ရေချိုးလေ့ရှိခဲ့သည်။