တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရမဿွာန်လမြတ်တွင် ပို၍ရက်ရောတော်မူလေရာ ပေးသင့်သောသူကို ပေးသင့်သည့်အရာကို ပေးလေသည်။ ရက်ရောရသည့်အကြောင်းတရားမှာ ကိစ္စရပ်နှစ်ခုကြောင့်ဖြစ်သည်။ ၎င်းတို့မှာ ၁။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)နှင့်တွေ့ဆုံရခြင်း။ ၂။ အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ကို အလွတ်ဖတ်ခြင်း။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်နှင့် ကျမ်းမြတ်ကုရ်အာန်မှ ကျရောက်ခဲ့သမျှကို အပြန်အလှန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလွန်ပင်ရက်ရောသူ၊ အလွန်ပင်ကောင်းမှုပြုသောသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးရွာသွန်းခြင်းနှင့် ဂရုဏာတော်များချပေးတော်မူရန်စေလွှတ်လိုက်သော လေကောင်းလေသန့်က လျင်မြန်စွာ အဖန်ဆင်းခံအပေါင်းအား အကျိုးပြုသည်ထက်ပို၍တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဖန်ဆင်းခံအပေါင်းအား ပို၍လျင်မြန်စွာအကျိုးပြုသောသူလည်း ဖြစ်ပေသည်။