အဗူကသာဒဟ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့ထံမှ ချေးငှားထားပြီး ပုန်းအောင်းနေသူတစ်ဦးကို ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် သူ့ကို တွေ့ခဲ့သည်။ ချေးငှားသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပြီး သင့်အကြွေးကို ပြန်ဆပ်ရန်အတွက် ဘာမှမရှိပါ" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား မိမိထံ မည်သည့်ငွေကြေးဥစ္စာ တစ်စုံတစ်ရာမျှ မရှိကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောခိုင်းခဲ့သည်။ ထိုသူက အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ သူအမှန်ပြောနေကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ပြောခဲ့သည်မှာ - ကျွန်ုပ်သည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၏ စိုးရိမ်ပူပန်မှုများ၊ ခက်ခဲပြင်းထန်မှုများနှင့် ကြောက်မက်ဖွယ်ရာများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းနေသူအား အကြွေးကို နောက်ဆိုင်းပေးခြင်း သို့မဟုတ် အကြွေးအချို့ သို့မဟုတ် အားလုံးကို လျှော်ပစ်ခြင်းအားဖြင့် ၎င်းအား သက်သာချောင် လည်ခွင့် ပေးပါ။"