ရမ်ဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ကျရောက်သော ကဒ်ရ်ညမြတ်၌ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုလုပ်ခြင်း၏ ထူးမြတ်မှုနှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ကဒရ်ညမြတ်တွင် ယင်းညနှင့် ယင်းည၏ ထူးမြတ်မှုများအပေါ် အီမာန် သက်ဝင်ယုံကြည်ကာ ‘ရိယာအ်’ ပြစားမှု၊ ထင်ပေါ်ကျော်ကြားလိုမှုမပါဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ် မျှော်ကိုးကာ ဆွလာသ်ဆောက်တည်ခြင်း၊ ဒုအာဆုမွန်တောင်းခံခြင်း၊ ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ခြင်း၊ ဇိက်ရ်ပြုလုပ်ခြင်းစသည့် အမလ်အိဗာဒသ်များ ပြုလုပ်ခဲ့ပါက ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။