တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့ဆွဟာဗဟ်သာဝကများက ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညတွင် ရှိသည် ဟု အိပ်မက်၌ မြင်တွေ့ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - သင်တို့အားလုံး၏ အိပ်မက်များသည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညနှင့် ပတ်သက်၍ တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်တော်တွေ့မြင်ရသည်။ ထို့ကြောင့်မည်သူမဆို ဤညကို ရှာဖွေလိုသောဆန္ဒရှိပါက၊ ထိုသူသည် ကောင်းမှု မမြောက်အများ ပြုလုပ်ခြင်းအားဖြင့် ဤညကို ရှာဖွေရန် ကြိုးစားပါလေ။ အကြောင်းမှာ ကဒရ်ညမြတ်သည် နောက်ဆုံးခုနစ်ညတွင် ဖြစ်နိုင်ခြေ ပိုများသောကြောင့်ဖြစ်သည်။ နောက်ဆုံးခုနစ်ညဆိုသည်မှာ ရမဿွာန်လတွင် ရက်ပေါင်း ၃၀ ရှိပါက ၂၄ ညမှ စတင်ကာ၊ ရက်ပေါင်း ၂၉ ရက် ရှိပါက ၂၃ ညမှ စတင်သည်။