တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကောင်းမှုကုသိုလ်များကို များမြောင်စွာပြုလုပ်ခြင်းဖြင့် ကဒရ်ညမြတ်အားရှာဖွေရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ကဒရ်ညမြတ်သည် နှစ်စဉ် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ "မ"ညများအနက်မှ တစ်ည၌ ဖြစ်နိုင်ခြေ ပိုများသည်။ ယင်းမှာ (၂၁) ရက်၊ (၂၃) ရက်၊ (၂၅) ရက်၊ (၂၇) ရက်နှင့် (၂၉) ရက် ညများ ဖြစ်ကြသည်။