တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် အေဗာဒသ်ဝတ်ပြုမှုအမျိုးမျိုးဖြင့် တစ်ညလုံး နိုးနိုးကြားကြား နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း ဆွလားသ်ဝတ်ပြုရန် နှိုးတော်မူ၏။ မိမိပုံမှန်လုပ်နေကျထက် ပို၍ ဝတ်ပြုကိုးကွယ်မှုတွင် ပိုမိုကြိုးစားအားထုတ်တော်မူ၏။ ဝတ်ပြုကိုးကွယ်မှုအတွက် အချိန်အပြည့်ပေးကာ မိမိ၏ဇနီးကြင်ယာတော်များနှင့် ခွဲခွာနေတော်မူ၏။