ကဏ္တာရတွင်နေထိုင်သော ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကိယာမသ်ဖြစ်မည့်အချိန်နှင့် ပတ်သတ်၍ လျှောက် ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က သူ့အား "အသင်သည် ယင်းကိယာမသ်နေ့အတွက် မည်သည့်ကောင်းမှုကုသိုလ်များ ပြင်ဆင်ထားသနည်း" ဟု ပြန်လည်မေးမြန်းတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက ကျွန်တော်မျိုးသည် ယင်းအတွက် ကြီးကျယ်သည့် ပြင်ဆင်မှုများ မပြုလုပ်ထားပါ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား ချစ်မြတ်နိုးတော်မူပါသည် ဟု ဖြေကြားခဲ့သည်။ သူသည် အခြားသော စိတ် နှလုံးသား၊ ကိုယ်ကာယ သို့မဟုတ် ဥစ္စာဓနဖြင့် ပြုလုပ်ရသည့် အိဗာဒသ်ခဝပ်ဆည်းကပ်မှုများအကြောင်း မဖော်ပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိုးကွယ်မှုအားလုံးသည် ဤအချစ်တော်၏ အကိုင်းအခက်များဖြစ်ပြီး ယင်း၏ရလဒ်အဖြစ် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ထို့ပြင် စစ်မှန်သောအချစ်သည် လူသားကို ကောင်းမှုကုသိုလ်ပြုလုပ်ရန် အားပေးတိုက်တွန်းသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူ့အား "ဧကန် မုချ၊ သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ဂျန္နတ်သုခဘုံတွင် ရှိလိမ့်မည်"ဟု မိန့်ကြားတော်မူခဲ့သည်။ ဤဝမ်းမြောက်ဖွယ်သတင်း ကောင်းကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကကြီးများ(ရဿွိယလ္လာဟုအန်ဟုမ်) သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ထို့နောက်အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က မိမိသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးကြောင်း၊ မိမိ၏အမလ်ကျင့်ဆောင်မှုများသည် ၎င်းတို့ကဲ့သို့ မဖြစ်နိုင်စေကာမူ ထိုအချစ်ကြောင့် မိမိသည် သူတို့နှင့်အတူရှိရမည်ဟု မျှော်လင့်မိကြောင်း ပြောဆိုတင်ပြခဲ့လေသည်။