တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရ်ရာဖ်ဟုခေါ်သည့် အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံ သွားရောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အရ်ရာဖ်ဟူသည့် စကားလုံးတွင် အကွယ်ဆိုင်ရာအသိပညာအတွက် ကြိုတင်ခန့်မှန်းချက် နိမိတ်လက္ခာများကို အသုံးပြုကာ ဟောကြားသည့် အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ နက္ခတ်ဗေဒဆရာ၊ သဲပေါ်တွင် အရုပ်ရေးခြစ်ဟောသည့်ဆရာများ အားလုံးပါဝင်သည်။ ၎င်းတို့အား အကွယ်ဆိုင်ရာ ကိစ္စတစ်စုံတစ်ရာကို မေးမြန်းရုံဖြင့် အလ္လာဟ်အရှင်မြတ်သည် မေးမြန်းသူအား ၎င်းသူရက်ပေါင်းလေးဆယ် ဝတ်ပြုခဲ့သောဆွလာသ်၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်စေတော်မူမည်ဖြစ်သည်။ ဤသည် သူကျူးလွန်ခဲ့သည့် ကြီးလေးသော အပြစ်အကုသိုလ်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။