တမန်တော်မြတ် ﷺ သည် လူသားတို့အား ဆေးပညာ၏ အခြေခံမူတစ်ရပ်ကို ညွှန်ပြထားတော်မူသည်။ ၎င်းမှာ ကာကွယ်ခြင်းပင်ဖြစ်ပြီး၊ လူသားသည် မိမိ၏ ကျန်းမာရေးကို ထိန်းသိမ်းရန် အစားလျှော့စားခြင်းဖြစ်သည်။ လူသားသည် မိမိဆာလောင်မှုကို ပြေပျောက်စေရန်နှင့် မလုပ်မေနရလုပ်ရန်လိုအပ်သော အလုပ်များအတွက် ခွန်အားရရှိရန် လုံလောက်သော ပမာဏသာ စားသုံးသင့်သည်။ဧကန်အမှန်ပင် ဖြည့်စွက်ခြင်းခံရသော ခွက်များအနက် အဆိုးရွားဆုံးမှာ ဝမ်းဗိုက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဝစားခြင်းကြောင့် များပြားလှစွာသော သေလောက်သည့် ရောဂါများသည် ချက်ချင်းဖြစ်စေ၊ နောက်ပိုင်းမှဖြစ်စေ၊ အတွင်းပိုင်းတွင်ဖြစ်စေ၊ အပြင်ပိုင်းတွင်ဖြစ်စေ ဖြစ်ပွားတတ်သောကြောင့်တည်း။ ထို့နောက် တမန်တော်မြတ် ﷺ က မိန့်တော်မူသည်မှာ - အကယ်၍ လူသားသည် မဖြစ်မနေဝမ်းဗိုက်ပြည့်အောင်စားရမည်ဆိုပါက၊ အစာအတွက်သုံးပုံတစ်ပုံ၊ အခြားသုံးပုံတစ်ပုံကို ရေသောက်သုံးရန်နှင့် ကျန်သုံးပုံတစ်ပုံကို အသက်ရှုဖို့ရန်အတွက် ထားရမည်။ သို့မှသာ သက်သောင့်သက်သာမရှိမှုနှင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်မည်မဟုတ်သလို၊ မိမိ၏သာသနာေရးရာနှင့် လောကီေရးရာ ကိစ္စရပ်များတွင်လည်း အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတော်မူသော တာဝန်များကို ထမ်းဆောင်ရာတွင် ပျင်းရိခြင်း ဖြစ်ပေါ်မည်မဟုတ်ပေ။