တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လေးခုသော အရာမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်- ပထမ- (اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ) ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဒီန်သာသနာ့အရေးနှင့် လောကီဆိုင်ရာ အရှင်မြတ်ချီးမြှင့် တော်မူထားသည့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးရခြင်းမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုး အစ္စလာမ်သာသနာအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးစေသည့် အပြစ်များကိုကျူးလွန်ခြင်းမှ ကင်းဝေးစေရန် အရှင်မြတ်ထံ ခိုလှုံပါ၏။ ဒုတိယ- ( وَتَحَوُّلِ عَافِيَتِكَ) ဆိုလိုသည်မှာ- ထို့ပြင် အရှင်မြတ် ချီးမြှင့် တော်မူထားသောဖြစ်သော အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) သည်ပြဿနာနှင့် စမ်းသပ်မှုများအဖြစ် ပြောင်းလဲသွားခြင်းမှ ခိုလှုံပါ၏။ ထို့ပြင် စဉ်ဆက်မပြတ် အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု)နှင့် နာကျင်မှုဒုက္ခများနှင့်ရောဂါဘယများမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ တတိယ -(وَفُجَاءَةِ نِقْمَتِكَ) ဆိုလိုသည်မှာ- အရှင်မြတ်၏ ရုတ်တရက် ပြစ်ဒဏ်ခတ်မှု( ေဘးဒုက္ခ) မှ ခိုလှုံပါ၏။ အကြောင်းမှာ ပြစ်ဒဏ်နှင့် အရေးယူမှုသည် ရုတ်တရက်ကျရောက်လာပါက လူသားသည် သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းနှင့် မိမိကိုယ်ကို ပြုပြင်ခြင်းအတွက် အချိန်မရနိုင်တော့ပေ။ ထို့ကြောင့် ထိုပြစ်ဒဏ်ချမှတ်ခံသူ၏ ဘေးဒုက္ခ သည် ပို၍ကြီးမားပြီး ပို၍ပြင်းထန်ပေသည်။ စတုတ္ထ - (وَجَمِيعِ سَخَطِكَ ) ဆိုလိုသည်မှာ- အရှင်မြတ်အား အမျက်ဒေါသထွက်စေသည့် အရာတိုင်းမှ ခိုလှုံပါ၏။ အဘယ် ကြောင့်ဆိုသော် အရှင်မြတ် အမျက်ထွက်တော်မူသောသူသည် ဧကန်မုချ ပျက်စီးရှုံးနိမ့်သွားသောကြောင့် ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် "အားလုံး" ဟူသော စကားလုံး ("ဂျမီအ်") ကို အသုံးပြုခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှစေသော အကြောင်းရင်းအားလုံး- နှုတ်ထွက်စကားများ၊ ပြုမူလုပ်ဆောင်ချက်များနှင့် ယုံကြည်ချက်များ အားလုံး ခြုံငုံပါဝင်နိုင်စေရန်အတွက်ဖြစ်သည်။