တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမြဲတောင်းခဲ့သည့် ဒုအာတစ်ခုမှာ—(اللهم لك أسلمت) အို- အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အပ်နှင်းနာခံပါသည်။ (وبك آمنت) အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ ဝန်ခံအတည်ပြုခဲ့ပါသည်။ ထောက်ခံယုံကြည်ခဲ့ပါသည်။ (وعليك توكلت) အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ထံသာ အပ်နှံပါသည်၊ အရှင်မြတ်ကိုသာ အားကိုးရာအဖြစ် ထားရှိပါသည်။ (وإليك أنبت) အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ (وبك خاصمت) အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ (اللهم إني أعوذ)အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ (لا إله إلا أنت) အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်မှတစ်ပါး မှန်ကန်သော ကိုးကွယ်ရာအရှင်ဟူ၍ မရှိပါ။ (أنت الحي الذي لا يموت) အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ်လွန်သေဆုံးမည်မဟုတ်ပါ။ ပျက်စီးခြင်းလည်းရှိမည်မဟုတ်ပါ။ (والجن والإنس يموتون) ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။