တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယဟူဒီများနှင့် ခရစ်ယာန်များအား ဦးစွာ စလာမ်စတင်ပေးခြင်း မပြုရန် တားမြစ်ထားတော်မူသည်။ အကယ်၍ ၎င်းတို့သည် ဇင်မ္မီ ( အစ္စလာမ့်နိုင်ငံတော်အောက်တွင် အခွန်ပေးဆောင်၍ နေထိုင်ခြင်းကြောင့် ကာကွယ်ခံရသူ ) များဖြစ်နေသည့်တိုင် ဤတားမြစ်ချက်သည် သက်ရောက်မှုရှိပြီး၊ အခြားသော ကာဖိရ်များအပေါ်၌မူ ပို၍ပင် သက်ရောက်မှုရှိသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့သည်လမ်းတွင် ၎င်းတို့အနက်မှ တစ်ဦးဦးနှင့် တွေ့ဆုံပါက ထိုသူ့အား လမ်းအကျဉ်းဆုံးနေရာသို့ ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြရန် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ မုအ်မင်န်သည် လမ်း၏ အလယ်ဗဟိုမှသာ လျှောက်ရမည်ပြီး၊ လမ်းဘေးသို့ကပ်၍ လျှောက်ရမည့်သူမှာ ကာဖိရ်သာလျှင် ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို မွတ်စ်လင်မ်သည် သေးသိမ်သူ၊သိက္ခာမဲ့သူ အဖြစ်မရှိစေရပါ။