တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအ်မင်န်ယုံကြည်သူ၏ အရေးကိစ္စနှင့် အခြေအနေများကို အားကျဖွယ်အဖြစ် အံ့ဩတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏အခြေအနေအားလုံးသည် ကောင်းမြတ်သောအရာများသာဖြစ်သောကြောင့်ဖြစ်ပြီး၊ ဤဂုဏ်ပုဒ်သည် မုအ်မင်န်မှတစ်ပါး အခြားမည်သူ့အတွက်မျှ မရှိချေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ထို့သို့ ကျေးဇူးတင်ခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ်ရရှိသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆုလာဘ်ကို မျှော်ကိုးသည်။ ထိုသို့ဖြင့် သည်းခံခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ် ရရှိပြန်သည်။ သို့ဖြစ်၍ ထိုမုအ်မင်န်သည် အခြေအနေတိုင်းတွင် အကျိုးဆုလာဘ်ရရှိသူသာ ဖြစ်နေပေတော့သည်။