တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမျိုးသားများအား ပိုးထည်အမျိုးအစားအမျိုးမျိုးကို ဝတ်ဆင်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့ပြင် အမျိုးသား၊ အမျိုးသမီးများအား ရွှေ၊ငွေဖြင့် ပြုလုပ်ထားသည့် အိုးခွက်များဖြင့် စားသောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ ထိုအရာများသည် ကိယာမသ်နေ့၌ မိုအ်မင်န်များအတွက် ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဒွန္နယာလောက၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို နာခံကာ ထိုအရာများကို ရှောင်ကြဉ်ခဲ့ကြသည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူများအတွက် နောင်တမလွန်တွင် ဘာမျှရရှိကြမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပြီး ထိုအရာများကို သုံးစွဲကာ လောက၌ပင် သူတို့ပြုလုပ်ခဲ့သည့် ကောင်းမှုများ၏ အစားကို စောလျင်စွာရယူခဲ့ကြပြီးဖြစ်သည်။