အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။ صحيح - رواه أبو داود والترمذي وابن ماجه