တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးအတွက် ၎င်း၏ ‘အိဇာရ်’ (အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အစား) နှင့် ပတ်သက်၍ အခြေအနေ သုံးမျိုးရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်ဖွယ်ဖြစ်သည်) - ခြေသလုံးတစ်ဝက်အထိ ဖြစ်သည်။ ၂။ မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည် - ၎င်းမှာ ခြေသလုံးတစ်ဝက်အောက်မှ ခြေကျင်းဝတ်အထိ ဖြစ်သည်။ (ခြေကျင်းဝတ်ဆိုသည်မှာ ခြေသလုံးနှင့်ခြေထောက်ဆုံရှိ ပေါ်ထွက်နေသောအရိုး(ခြေမျက်စိ)နှစ်ဖက်ဖြစ်သည်)။ ၃။ ဟရာမ် (တားမြစ်ထားသည်) - ခြေကျင်းဝတ်အောက်သို့ ကျနေခြင်းဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ဂျဟန္နမ်ငရဲမီးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ အကယ်၍ မာန်မာန၊ ဝင့်ကြွားမှု၊ အမိန့်ဖီဆန်ခြင်းအားဖြင့် ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"