တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းတို့ကြောင့် အဝတ်အထည် သို့မဟုတ် ခါးဝတ်ပုဆိုးကို ခြေကျင်းဝတ်အောက်ချ၍ ဝတ်ဆင်ခြင်းအား တားမြစ်တော်မူခဲ့ပြီး၊ ထိုသို့ပြုလုပ်သူအား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ကရုဏာတော်၏ အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ဟူသော ပြင်းထန်သည့် ခြိမ်းခြောက်ချက်ကို ခံယူထိုက်သူဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။