နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန်၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန် တားမြစ်ထားတော်မူထားသည်။ ‘အလ်အောင်ရဟ်' အရှက်အင်္ဂါဆိုသည်မှာ ပေါ်လွင်သွားသောအခါ ရှက်ဖွယ်ကောင်းသော အစိတ်အပိုင်းများကို ဆိုလိုသည်။ အမျိုးသား၏ ‘အလ်အောင်ရဟ်' အရှက်အင်္ဂါသည် ချက်မှ ဒူးအထိ ဖြစ်သည်။ အမျိုးသမီးသည် သူစိမ်း(မိမိနှင့်နိကာဟ် ပြုပိုင်သော)အမျိုးသားများရှေ့တွင် ခန္ဓာကိုယ်တစ်ခုလုံးအားဖုံးအုပ်ထားရမည်ဖြစ်ပြီး အမျိုးသမီးအခြင်းခြင်းနှင့် (မိမိနိကာဟ်မပြုပိုင်သော)အမျိုးသားများအရှေ့တွင် အိမ်မှုကိစ္စများလုပ်ဆောင်ရာ၌အမြဲပေါ်လွင်နေသည့်အစိတ်အပိုင်းများကို ဖော်ထားခွင့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်း၊ ထိုနည်းတူ အမျိုးသမီးနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ဤသို့ပြုခြင်းသည် တစ်ရောက်အရှက်အင်္ဂါနှင့် နောက်တစ်ရောက်အရှက်အင်္ဂါ ထိတွေ့သွားနိုင်သည်။ အရှက်အင်္ဂါကို ကြည့်ရှုခြင်းအားတားမြစ်ထားသကဲ့သို့ ထိတွေ့ခြင်းကိုလည်းတားမြစ်ထားသည်။ သို့သာမက သူတစ်ပါးအရှက်အင်္ဂါကို မထိတွေမိစေရန် ပြင်းထန်စွာ တားမြစ်ထားသည်။ ဤသို့ ထိတွေ့ခြင်းဖြင့် အလွန်ကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။