တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးက မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဖစ်စ်က် (အပြစ်ဒုစရိုက်) ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အမိန့်နာခံမှုမှ ထွက်ခွာခြင်းဖြစ်သည်။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်အား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ်ထိုက်သည့် အပြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် ကုဖ်ရ်အသေးစား ဖြစ်သည်။