တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူမဆို ဖရဿ်ွ သို့မဟုတ် နဖိလ်ရိုဇာဥပုသ်စောင့်နေစဉ် မေ့လျော့၍ အစာ သို့မဟုတ် အရည်တစ်ခုခု စားသောက်မိပါက ထိုသူသည် မိမိ၏ ရိုဇာဥပုသ်ကိုမဖျက်ဘဲ ဆက်လက်စောင့်ထိန်းရမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်သိလျက်နှင့်ရည်ရွယ်ချက်ရှိရှိ စားသောက်ခဲ့ခြင်းမဟုတ်ပေ။ စင်စစ် ယင်းသည် အလ္လာဟ်အရှင်မြတ်က သူ့ထံရောက်ရှိစေတော်မူသော ရိက္ခာတစ်ခုသာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ကပင် သူ့အား ကျွေးမွေးတိုက်ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။