တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ် သို့မဟုတ် မုအ်မင်န်သည် ဝုဇူပြုသောအခါ မိမိမျက်နှာကို ဆေးကြောရာ၌ မျက်စိဖြင့်ကြည့်မိသော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှထွက်သွား၏။ ထို့နောက် မိမိလက်နှစ်ဖက်ကို ဆေးကြောသောအခါ လက်နှစ်ဖက်ဖြင့် ကျူးလွန်ခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ လက်မှထွက်သွား၏။ ထို့နောက် မိမိခြေနှစ်ဖက်ကို ဆေးကြောသောအခါ ခြေနှစ်ဖက်ဖြင့် လျှောက်လှမ်းခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ ခြေမှထွက်သွား၏။ သို့ဖြင့် ဝုဇူပြီးဆုံးချိန်တွင် အပြစ်ငယ်များမှ စင်ကြယ်သွားလေသည်။