အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းပြတော်မူသည်မှာ ‘သွဟာရသ်’ သန့်ရှင်းစင်ကြယ်မှုသည် ဆွလာသ်အထမြာက်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များတွင် ပါဝင်သည်။ ထို့ကြောင့် ဆွလာသ်ဝတ်ပြုလိုသူသည် ကျင်ကြီး၊ ကျင်ငယ်သွားခြင်း၊ အိပ်စက်ခြင်း အစရှိသော ဝူဿွူပျက်စေသည့် ကိစ္စများပြုလုပ်ခဲ့ပါက ဝူဿွူပြုရန် တာဝန်ရှိသည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မသန့်ဖြစ်နေသူသည် ‘ဟဒဆ်အက္ကဗရ်’ (ရေချိုးရန်တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ရေမချိုးသ၍ ‘ဟဒဆ်အဆ်ွဂရ်’ (ဝူဿွူပြုရန် တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ဝူဿွူမပြုသ၍ ၎င်း၏ဆွလာသ်သည် လက်ခံခြင်းခံရမည် မဟုတ်ပါ။
  • ဝူဿွူပြုခြင်းဆိုသည်မှာ ရေယူကာ ပါးစပ်ထဲသို့ထည့်၍ ဆေးကြောကာ ထွေးထုတ်ရမည်။ ထို့နောက်နှာခါင်းထဲသို့ ရေရှူသွင်းကာ ပြန်လည်ညှစ်ထုတ်ရမည်။ ထို့နောက် မျက်နှာကို သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် ဦးခေါင်းတစ်ခုလုံးအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ရမည်။ ထို့နောက် ခြေနှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ် ဆေးကြောရမည်။