တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် လှူဒါန်းသုံးစွဲခြင်း၏ အမျိုးမျိုးသော ပုံစံများကို မိန့်ကြားတော်မူခဲ့ပြီး လှူဒါန်းသုံးစွဲရမည့်အကြောင်းအရာများ တိုက်ဆိုင်စုဝေးလာသည့်အခါ ၎င်းတို့ကို အစီအစဉ်တကျ စီစဉ်ပေးတော်မူခဲ့ပြီး၊မည်သည့်လှူဒါန်းမှုက အသင့်အတွက် ပို၍ အရေးကြီးလည်းဆိုတာကို ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် အရေးအကြီးဆုံးမှ စတင်မိန့်ကြားတော်မူပြီး ထိုမှတစ်ဆင့် အရေးကြီးမှု အနည်းငယ်လျော့သော အရာများဆီသို့ ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ သုံးစွဲမှုများအနက် အကျိုးစဝါးဗ်အများဆုံးရရှိသော ပစ္စည်းဥစ္စာမှာ မွတ်စ်လင်မ်တစ်ဦးက မိမိအပေါ်၌ စားရိက္ခာထောက်ပံ့ရန် တာဝန်ရှိသူများဖြစ်သော ဇနီးသည် နှင့် သားသမီးကဲ့သို့သော အိမ်ထောင်စုဝင်များအတွက် သုံးစွဲသောပစ္စည်း ဥစ္စာပင်ဖြစ်ပေသည်ဟု ကိုယ်တော်မြတ်က မိန့်ကြားခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် အသင့်ပြင်ဆင်ထားသော အစီးအနင်းအတွက် လှူဒါန်းသုံးစွဲခြင်း ဖြစ်သည်။ ထို့နောက်မိမိ၏အပေါင်းအသင်းများနှင့် မိတ်ဆွေများအတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်နေစဉ် လှူဒါန်းခြင်းဖြစ်သည်။