တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုအ်မင်န်များသာ လျှင် ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် မွတ်စ်လင်မ်အချင်း ချင်း ချစ်ခင်မှု မရှိသေးသမျှ အီမာန်လည်း ပြည့်ဝနိုင်မည် မဟုတ်သလို မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ အခြေအနေသည်လည်း ကောင်းမွန်လာမည် မဟုတ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ချစ်ခင်မှုရရှိစေမည့် အကောင်းဆုံးကိစ္စကို ညွှန်ပြတော်မူခဲ့သည်။ ထိုကိစ္စမှာ မွတ်စ်လင်များကြား၌ စလာမ်များများပေးခြင်းဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် စလာမ်ပေးခြင်းကို မိမိ၏ကျေးကျွန်များအတွက် နှုတ်ခွန်းဆက်စကားအဖြစ် ပြုလုပ်ပေးထားသည်။