တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - နေထွက်သောနေ့တိုင်း ကောင်းကင် တမန်နှစ်ပါး ဆင်းသက်လာ၍ ကြွေးကြော်ကြသည်။ ၎င်းတို့အနက် တစ်ပါးက ပြောသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကောင်းမှုကုသိုလ်များ၊ မိသားစု၊ ဧည့်သည်များနှင့် အခြားလှူဒါန်းမှုများတွင် သုံးစွဲသူများအား ကောင်းမှုများကို ချီးမြှင့်တော်မူပါ၊ ၎င်း၏ လှူဒါန်းသုံးစွဲမှုတွင် ကောင်းသောအစားကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာကို ချီးမြှင့်တော်မူပါ။ အခြားတစ်ပါးက ပြောသည်မှာ - အို-အလ္လာဟ်အရှင်မြတ်၊ လှူဒါန်းသုံးစွဲခြင်းမပြုဘဲ စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။ ၎င်း၏ ဥစ္စာပစ္စည်းကို ပျက်စီးစေတော်မူပါ။ ထိုသူသည် ထိုဥစ္စာပစ္စည်းကို ရထိုက်သူများအား ပေးကမ်းခြင်းမှ မပေးဘဲနေသောကြောင့်ဖြစ်သည်။