တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဝုဿွူပြုသည့်အခါ ဝုဿွူ၏စွန္နသ်တော်များ၊ မွတ်စ်သဟဗ်များကို အလေးနက်ထား ဆောင်ရွက်ပါက ထိုဝုဿွူသည် ၎င်း၏အကုသိုလ်များ ပလပ်မှုရစေရန်အတွက် အကြောင်းခံဖြစ်လိမ့်မည်။ နောက်ဆုံး သူ၏လက်သည်း၊ ခြေသည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။