တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူမပျက်လျှင်လည်း ဖရ်ဿ်ွဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုရခြင်းမှာ အကျိုးကုသိုလ်နှင့် ထွတ်မြတ်မှုကို ရရှိရန်အတွက်ဖြစ်သည်။ ဝုဿွူတစ်ကြိမ်ပြုပြီး ယင်းဝုဿွူရှိနေသမျှ ကာလပတ်လုံး ဖရ်ဿ်ွဆွလာသ်ပေါင်းများစွာ ဝတ်ပြုခွင့်ရှိသည်။