တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် အခြား မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရား ခြောက်ချက် ရှိသည်။ ၁။ သူနှင့် တွေ့ဆုံသည့်အခါ "အတ်စ်လာမုအလိုင်ကွမ်" ဟု စလာမ်ပြုရမည်။ တစ်ဖက်လူကလည်း "ဝအလိုင်ကုမွတ်စ်လာမ်" ဟု ပြန်လည်ဖြေကြားရမည်။ ၂။ ဝလီမဟ် စသည့်ဖိတ်ကြားချက်များကို လက်ခံခြင်း။ ၃။ သူသည် သင့်ထံမှ အကြံဉာဏ်တောင်းခံလာပါက လိမ်လည်လှည့်ဖျားခြင်းမှ ရှောင်ကြဉ်ကာ စစ်မှန်သော အကြံဉာဏ်ပေးခြင်း။ ၄။ သူနှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား 'ယရ်ဟမုကလ္လာဟ်' ဟု အဖြေပေးပါ၊ သူက "ရဟ်ဒီကုမုလ္လာဟု ဝရွတ်စ်လိဟ် ဘာလကွမ်" ဟု ပြန်အဖြေပေးရမည်။ ၅။ သူဖျားနာသောအခါ သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုခြင်း။ ၆။ သူကွယ်လွန်သွားသောအခါ သူ၏ ဂျနာဇာဆွလာသ်ကို ဝတ်ပြုခြင်းနှင့် ဒဖန်မြေမြုပ်ချိန်အထိ ဂျနာဇာအား လိုက်ပါပို့ဆောင်ခြင်း။