အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ” حسن - رواه أبو داود والترمذي وأحمد
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် မိမိ၏ ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ စရိုက်၊ အလေ့အထများနှင့် တူလာတတ်ကြောင်း၊ အပေါင်း အသင်းသည် ကိုယ်ကျင့်တရား၊ အပြုအမူနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် မိတ်ဆွေကောင်းရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ မိတ်ဆွေကောင်းသည် မိမိ၏ မိတ်ဆွေအပေါင်း အသင်းအား အီမာန်ယုံကြည်မှု၊ လမ်းမှန်တရားနှင့် ကောင်းမှုဘက်သို့ ညွှန်ကြားပြသကာ မိမိ၏မိတ်ဆွေအပေါင်းအသင်းအတွက် အကူအညီဖြစ်စေသောကြောင့်တည်း။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • လူကောင်းသူကောင်းများနှင့် ပေါင်းသင်းရန်နှင့် ၎င်းတို့အား ဂရုတစိုက်ရွေးချယ်ရန် ညွှန်ကြားထားပြီး မကောင်းသူများနှင့် ပေါင်းသင်းခြင်းမှ တားမြစ်ထားသည်။
  • တမန်တော်မြတ်က ဆွေမျိုးတော်စပ်သူထက် မိတ်ဆွေကို သီးသန့်မိန့်ကြားတင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေကို သင်ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသော်လည်း မောင်နှမနှင့် ဆွေမျိုးသားချင်းများကိုမူ သင်ရွေးချယ်ခွင့်မရှိသောကြောင့်ဖြစ်သည်။
  • မိတ်ဆွေအပေါင်း အသင်း ပြုလုပ်ခြင်းသည် ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီးမှသာ ပေါ်ထွက်လာရန် အရေးကြီးသည်။
  • လူသားသည် မုအ်မင်န်ယုံကြည်သူများနှင့် ပေါင်းသင်းခြင်းဖြင့် မိမိ၏ဒီန်အား အားကောင်းစေပြီး ဖာစိက် (သူယုတ် မာ)များနှင့် ပေါင်းသင်းခြင်းဖြင့် အားနည်းစေသည်။