အဗူစိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။ حسن - رواه أبو داود والترمذي وابن ماجه وأحمد
explain-icon

ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦး၏ အသက်ခန္ဓာ၊ ဥစ္စာပစ္စည်း၊ မိသားစုအား ထိခိုက်နစ်နာစေခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူ၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးကာ အရေးယူမည်ဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို တားမြစ်ထားသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗန္ဓာကျေးကျွန်များအတွက် လက်စား‌ချေတော်မူသည်။