တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အီမာန် သက်ဝင်ယုံကြည်မှုတွင် အကိုင်းအလက်များ၊ အကျင့်အမူများ များစွာရှိသည်။ ယင်း၌ နှုတ်ဖြင့်ဝန်ခံခြင်း၊ လက်တွေ့ကျင့်ဆောင်ခြင်း၊ နှလုံးသားဖြင့် သက်ဝင်ယုံကြည်ခြင်းတို့ပါဝင်သည်။ အီမာန်၏ အကျင့်အမူများအနက် အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်” အား အဓိပ္ပာယ်နားလည်ပြီး ရွတ်ဆိုခြင်း၊ ကလိမဟ်တော်၏ တောင်းဆိုချက်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ ကလိမဟ်၏ အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ကိုးကွယ်ခံထိုက်သည့်အရှင်ဖြစ်ပြီး အရှင်မြတ်မှအပ ကိုးကွယ်ထိုက်သည့် အရှင်ဟူ၍မရှိဖြစ်သည်။ အီမာန်၏အနိမ့်ဆုံး အမလ်ဆောင်ရွက်မှုမှာ လူတို့အား ဒုက္ခဖြစ်စေမည့် အရာတိုင်းအား လမ်းပေါ်မှ ဖယ်ရှားပေးခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းများအနက်မှ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ အရှက်တရားဟူသည် ကောင်းသောကိစ္စများကို ပြုလုပ်ရန်နှင့် စက်ဆုပ်ဖွယ်ရာကိစ္စများကို စွန့်လွှတ်ရန် တွန်းအားပေးသည့် အကျင့်စာရိတ္တပင်ဖြစ်သည်။