တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။လူတို့အနက် ကိယာမသ် တရားစီရင်မည့်နေ့တွင် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ ရှိရ်က် ဖက်စပ်ယှဥ်တွဲကိုးကွယ်မှု၊ ရိယာအ် ပြစားမှုတို့မှကင်းစင်ကာ မိမိနှလုံးသားတွင်းမှ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်) အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိဟူ၍ ရွတ်ဆိုခဲ့သူဖြစ်သည်။