တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များထံမှ အရည်အချင်းလက္ခဏာသုံးရပ်ကို နှစ်သက်တော်မူပြီး၊ အရည်အချင်းလက္ခဏာသုံးရပ်ကို မနှစ်မြို့တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့ထံမှ အရှင်မြတ် နှစ်သက်တော်မူသော အရည်အချင်းလက္ခဏာသုံးရပ်မှာ - အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍မကိုးကွယ်ခြင်း၊ အရှင်မြတ်၏ ကတိတော်၊ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်တို့ကို အားလုံးတစုတစည်းတည်း ခိုင်မြဲစွာဆုပ်ကိုင်ထားကြရန်နှင့် မွတ်စ်လင်မ်တို့၏ အ သင်းအဖွဲ့အုပ်စု မှ ကွဲပြားမသွားခြင်းတို့ ဖြစ်သည်။ ၎င်းတို့အတွက် အရှင်မြတ် မနှစ်မြို့တော်မူသော အရာများမှာ - အချည်းအနှီး၊ အကျိုးမရှိသော စကားပြောဆိုခြင်း၊ မိမိနှင့်မဆိုင်သော အရာများကို ဝင်ရောက်ပြောဆိုခြင်း၊ မဖြစ်သေးသော အရာများကို မေးမြန်းခြင်း၊ သို့မဟုတ် လူတို့၏ဥစ္စာပစ္စည်းများနှင့် ၎င်းတို့လက်ဝယ်ရှိအရာများကို လိုအပ်ချက်မရှိဘဲ မေးမြန်းခြင်း၊ ဥစ္စာပစ္စည်းကို ဖြုန်းတီးဖျက်ဆီးခြင်းတို့ ဖျက်ဆီးခြင်း၊ ရှရီအသ်တရားတော်အရ ခွင့်မပြုသောနေရာများတွင် သုံးစွဲခြင်း၊ ပျက်စီးဆုံးရှုံးမှုသို့ ရောက်ရှိစေခြင်းတို့ ဖြစ်သည်။