အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြား ပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။ صحيح - رواه أبو داود
explain-icon

ရှင်းလင်းချက်

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းပြခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျ‌ရောက်ခဲ့ပြီး (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ)မကျရောက်သေးသရွေ့ ကိုယ်တော်မြတ်သည် စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာနှင့် စူရဟ်တစ်ပုဒ်ပြီးဆုံးသွားသည့်နေရာကို မသိရှိခဲ့ပေ။ (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) ကျရောက်လာမှသာ ယခင်စူရဟ်ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ၎င်းသည် စူရဟ်အသစ်၏ အစဖြစ်ကြောင်း သိရှိ‌တော်မူသည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • စူရဟ်အန်ဖာလ်နှင့် စူရဟ်သောင်ဗဟ်ကြားမှလွဲ၍ ကျန်စူရဟ်များကြားတွင် ဗိစ်မိလ္လာဟ်ဖြင့် ပိုင်းခြားထားသည်။
explain-icon

ထပ်၍