တမန်တော်မြတ်် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ကျွန်ုပ်တို့အရင်မှာရှိခဲ့သည့် လူမျိုးစုတစ်စုတွင် အမျိုး သားတစ်ဦးရှိခဲ့သည်။ သူသည် ဒဏ်ရာရရှိခဲ့၏။ ထို့နောက် ဒဏ်ရာ ၏ပြင်းထန်သောဝေဒနာကို သည်းခံနိုင်စွမ်းမရှိဘဲ ဓားတစ်ချောင်းကိုယူကာ မိမိလက်ကို ဖြတ်လိုက်၏။ ထို့အတူ သေခြင်းကိုလည်း အလျင် အမြန်တောင်းဆိုလိုက်၏။ ထို့နောက် သွေးတိတ်ခြင်း မရှိသေးမီမှာပင် သူသေဆုံးသွားလေ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်၏ ကျေးကျွန်သည် ငါအရှင်မြတ်ထက် ဦးစွာ မိမိအသက်ကို သတ်ရန် အလျင်လိုခဲ့ပေပြီ။ ထို့ကြောင့် ငါအရှင်သည် ထိုသူ့အပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ်သတ် မှတ်တော်မူလိုက်လေပြီ။