တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အိဗ်နုအမရ်(ရဿွိယလ္လာဟုအန်ဟု)သည် တစ်နှစ်ပတ်လုံး ဝါလွှတ်ခြင်းမရှိဘဲ ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ညလုံး ဆွလာသ်ဝတ်ပြုနေကြောင်း သတင်းရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်တော်မူကာ “အသင် ရိုဇာဥပုသ်စောင့်ထိန်းပါ၊ ဝါလည်းလွှတ်ပါ၊ ည၌ ဆွလာသ်ဝတ်ပြုပါ၊ အိပ်စက်အနားလည်း ယူပါ” ဟု မိန့်တော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်း ခြင်းနှင့် တစ်ညလုံး (မအိပ်ဘဲ) ဆွလာသ်ဝတ်ပြုခြင်းမှ တားမြစ်တော်မူကာ “အသင်သည် ထိုသို့ပြုလုပ်မည်ဆိုလျှင် သင်၏မျက်စိမှာ အားနည်းလာပြီး ချိုင့်ဝင်သွားလိမ့်မည်။ သင်၏ ခန္ဓာကိုယ်မှာ အားနည်းလာပြီး နုံးချည့်လာလိမ့်မည်။ တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခဲ့၏။ (စင်စစ်) သူသည် ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တားမြစ်ချက်ကို ဖီဆန်သောကြောင့် ရိုဇာစောင့်ထိန်းခြင်း၏ အကျိုးကို မရရှိသည့်အပြင် (ရိုဇာအမြဲစောင့်ထိန်းခြင်းဖြင့် ခွင့်ပြုထားသည့် နေ့ရက်များတွင်ပါ မစားမသောက်ဘဲ) ဆက်လက်ရှောင်ကြဉ်ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား တစ်လလျှင် သုံးရက် ရိုဇာဥပုသ်စောင့်ထိန်းရန် လမ်းညွှန်တော်မူခဲ့ပြီး ယင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခြင်းနှင့် တူကြောင်း မိန့်ကြားခဲ့သည်။ အကြောင်းမှာ ကောင်းမှုတစ်ခု၏ အကျိုးခံစားခွင့်သည် ဆယ်ဆအထိ တိုးပွားတတ်သောကြောင့် သုံးရက်သည် ရက်သုံးဆယ်နှင့် ညီမျှသွားသည်။ ဤသို့ဖြင့် လတိုင်း ရိုဇာသုံးရက်စောင့်ထိန်းသူသည် တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်းသူနှင့် တူညီသွားသည်။ ၎င်းသည် ကောင်းမှုတိုးပွါးရာတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ထိုအခါ အိဗ်နုအမရ်က “ကျွန်တော်မျိုးသည် ထို့ထက်ပို၍ တတ်နိုင်စွမ်းရှိပါသည်” ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သို့ဖြစ်လျှင် ဒါဝူဒ်(အလိုင်ဟစ္စလာမ်)၏ ရိုဇာဥပုသ်ကို စောင့်ထိန်းလော့။ ယင်းသည် အကောင်းဆုံးသော ရိုဇာဥပုသ်(စောင့်ထိန်းနည်း)ဖြစ်သည်။ ၎င်းသည် တစ်ရက် ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ရက် ရိုဇာမထားဘဲနေလေ့ရှိသည်။ ထို့ပြင် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်လည်း ဆုတ်ခွာ ထွက်ပြေးခြင်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ရိုဇာစောင့်ထိန်းနည်းစနစ်သည် ခန္ဓာကိုယ်ကို အားနည်းစေခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။