အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ၎င်း၏ အချစ်တော်နှင့် အဆွေခင်ပွန်းဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အချက်သုံးချက်ကို မှာတမ်းတော်မူခဲ့သည်ဟု အသိပေး တင်ပြခဲ့သည်။ ၎င်းတို့မှာ - ၁။ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းရန်။ ၂။ ဆွလာသွဒ်ဒုဟာ ( ကျားရှ်နမားဇ်) နှစ်ရကအသ်ကို နေ့စဉ် ဝတ်ပြုရန်။ ၃။ မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုရန်။ ဤသည် ည၏ နောက်ဆုံးအချိန်၌ မနိုးမည်ကို စိုးရိမ်သူအဖို့ဖြစ်သည်။