အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေနိုင်သော သို့မဟုတ် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်သော အမလ်တစ်ခုအကြောင်း မေးမြန်းခြင်းခံရတော်မူသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ဆွလားသ်ဝတ်ပြုရာတွင် များမြောင်စွာ စဂျ်ဒဟ်ပြုလုပ်ပါလေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် အသင်ပြုလုပ်ခဲ့သည် စဂ်ျဒဟ်တစ်ကြိမ်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အဆင့်တစ်ဆင့်မြှင့်တင်ပေးတော်မူမည် ဖြစ်ပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ခွင့်လွှတ်တော်မူမည် ဖြစ်သောကြောင့်တည်း” ဟု မိန့်ကြားတော်မူခဲ့သည်။