မုအဇ္ဇင်န်၏ အဇာန်ဖိတ်ခေါ်သံကိုကြားသည့်အခါ မုအဇ္ဇင်န်၏ဖိတ်ခေါ်မှုအား အဖြေပေးရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တိုက်တွန်းတော်မူခဲ့သည်။ ထိုကြောင့် ကျွန်တော်တို့သည် မုအဇ္ဇင်န်ဆိုသည့် စာကြောင်းတိုင်းကို လိုက်ဆိုရမည်။ ၎င်းက သက္ကဗီရ်ဆိုသည့်အခါကျွန်တော်တိုသည် သူ့နောက်မှ သက္ကဗီရ်လိုက်ဆိုရမည်။ ၎င်းက ရှဟာဒသ် နှစ်ခုကို ဆိုသည့်အခါ ကျွန်တော်တို့သည် ရှဟာဒသ်နှစ်ခုကို သူ့နောက်မှ လိုက်ဆိုရမည်။ သို့သော် (ဟိုင်းယ္ယအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယအလလ်ဖလာဟ်)ကို လိုက်မဆိုရပေ။ ၎င်းက ထိုစာသားနှစ်ပိုဒ်ကို ဆိုပြီးသည့်အခါ “လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်”ကိုသာ ဆိုရမည်။