တမန်တော်မြတ်က အသိပေးမိန့်ကြားခဲ့သည်မှာအကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ ဤသို့ ရွတ်ဆိုခဲ့ပါက أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်း ကျွန်တော်မျိုးဝန်ခံကတိပြုပါသည်။ ဆိုလိုသည်မှာ မုဟမ္မဒ်သည် ခဝပ်ကိုးကွယ်ခြင်းမခံရ သော အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ပြီး မုဟမ္မဒ်သည် မုသားမဟုတ်သော စစ်မှန်သည့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးဝန်ခံကတိပြုပါသည်။ رَضِيتُ بِاللهِ رَبًّا ဆိုလိုသည်မှာ - အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်မူသောအရှင်အဖြစ်၊ အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို အလွန်ပင်ပြည့်စုံလှသည့် ဂုဏ်တော်နာမတော်များအဖြစ်၊ وَبِمُحَمَّدٍ رَسُولًا တမန်တော်မုဟမ္မဒ်အား အရှင်မြတ်၏ရစူလ်တမန်တော်အဖြစ်၊ وَبِالْإِسْلَامِ အစ္စလာမ်နှင့် အစ္စလာမ်သာသနာတော်၌အမိန့်ပေးထားသောအရာများနှင့် တားမြစ်ထားသောအရာများအစရှိသည့် အစ္စလာမ့်၏အမိန့်ပညတ်ချက်များအားလုံးကို အမိန့်နာခံရသော ယုံကြည်ရသော ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။ ဤတောင်းဆုတော်ကို ရွတ်ဆိုသူ၏အကုသိုလ်အသေးများ ခွင့်လွှတ်ပေးခြင်းခံရပေမည်။