အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သီးသန့် ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်သည်“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည် မိမိ၏စွန္နသ်တော်ထဲမှ ဖြစ်ကြောင်း အတည်ပြုထောက် ခံခဲ့သည်။