တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ - အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဆောက် တည်နိုင်သည်။ ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့ပြီး တတိယအကြိမ်တွင် ထိုအရာသည် (အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဝတ်ပြုခြင်းသည်) ဆွလာသ်ဆောက်တည်လိုသူတိုင်းအတွက် မွစ်သဟဗ်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။