တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခေတ်ကာလတစ်ခုတွင် စုစည်းနေထိုင်သော လူအုပ်စုများအနက် အကောင်းဆုံးသောအုပ်စုမှာ တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် သူ၏ တပည့်သာဝကများ(စွဟာဗဟ်များ) ရှိသည့် လူအုပ်စုဖြစ်ကြောင်း၊ ထို့နောက် သူတို့နောက်တွင် ရှိသော တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို တွေ့ဆုံခဲ့ခြင်းမရှိဘဲ စွဟာဗဟ်သာဝကများကိုသာ တွေ့ဆုံခဲ့ကြသော မုအ်မင်န်များ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင် ရှိသော နောက်လိုက်များ(သဗအ်သာဗီအီးန်များ)ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ စွဟာဗဟ်ကြီး (အင်မ်ရားန်ဗင်ဟုဆွိုင်းန်) သည် စတုတ္ထမြောက် အုပ်စုကို ဖော်ပြရာတွင် ဝေခွဲမရဖြစ်ခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်း (အကောင်းဆုံးအုပ်စုများ) ပြီးနောက် သစ္စာဖောက်ကြမည့်၊ လူများက သူတို့ကို ယုံကြည်ကိုးစားခြင်း မပြုကြမည့်၊ သက်သေခံခိုင်းခြင်း မခံရမီကပင် သက်သေခံကြမည့်၊ နဇရ်ကိုးကြသော်လည်း ထိုနဇရ်ကိုးခြင်းအား ဖြည့်ဆည်းခြင်း မပြုကြမည့်၊ စားသောက်မှုတွင် ကျယ်ပြန့်ခြင်း ဖြစ်ပေါ်လာကာ အဝလွန်ခြင်း ပျံ့နှံ့လာမည့် လူများ ပေါ်ပေါက်လာလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။